Accounting Intern- Head Office (Male/ Female)

Yangon, Myanmar
Full-Time
20 open positions
Job Summary

ပညာဒါန အလုပ်လည်းရ အစီအစဉ် ဒုတိယအကြိမ် ခေါ်ယူနေပါပြီ။

Royal Express Services Co., Ltd၏ Finance & Account Department နှင့် Operation Department တို့တွင် တက်ကြွပြီး လေ့လာလိုစိတ်ပြင်းပြသော Accounting Intern (စာရင်းကိုင် အလုပ်သင်)- 20 ဦးအား ရှာဖွေလျက်ရှိပါသည်။ ဤနေရာသည် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများ ရယူရန်နှင့် စာရင်းကိုင်လုပ်ငန်း၏  အခြေခံမှုများကို လေ့လာသင်ယူရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါသည်။ သင်သည် ကျွန်ုပ်တို့၏ စာရင်းကိုင်အဖွဲ့နှင့် ပူးပေါင်းကာ နေ့စဉ်လုပ်ငန်းကောင်တာများကို ကူညီဆောင်ရွက်ရင်း ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ နားလည်မှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ 

Key Responsibilities

စာရင်းဇယားများ၊ ငွေကြေးဆိုင်ရာ အချက်အလက်များ ထည့်သွင်းခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ကူညီဆောင်ရွက်ခြင်း။

ငွေစာရင်းများ ပြန်လည်စစ်ဆေးခြင်း (reconciliation)နှင့် ဘဏ္ဌာရေးဆိုင်ရာ အစီရင်ခံစားများ (financial reports) ပြင်ဆင်ရာတွင် ကူညီခြင်း။

ငွေဝင်ငွေထွက်စာရင်းများ (accounts payable and receivable) စီမံခန့်ခွဲရာတွင် အထောက်အကူပြုခြင်း။

Budget ပြင်ဆင်ခြင်းနှင့် Expenses တို့ကို မှတ်တမ်းတင်ရာတွင် ကူညီခြင်း။

စာရင်းကိုင် Software များကို အသုံးပြု၍ လုပ်ငန်းတာဝန်များကို လေ့လာဆောင်ရွက်ခြင်း။ 

Job Requirements

Accounting, Finance (သို့) ဆက်စပ်ဘာသာရပ်များဖြင့် ဘွဲ့ရရှိပြီးသူနှင့် လက်ရှိ ဘွဲ့ကြို/ ဘွဲ့လွန်တက်ရောက်နေသူဖြစ်ရမည်။

LCCI 1,2 ကဲ့သို့သော စာရင်းကိုင်လက်မှတ်ရရှိထားသူများ ဦးစားပေးခေါ်ဆောင်သွားမည်ဖြစ်ပါသည်။

MS Office အား ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။

What We Can Offer

Benefits

သင်တန်းရက် (၃)ရက်အတွင်း Lunch နှင့် Tea Break စီစဉ်ပေးပါမည်။

Highlights

သင်တန်းကြေး လုံးဝပေးစရာမလိုဘဲ Practical Accounting သင်တန်း (၃)ရက် တက်ရောက်ပြီး Finance Department နှင့် Operation Department တွေမှာ Accounting Intern ဖြင့် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။

Career Opportunities

Internship Program ပြီးဆုံးသွားပါကလည်း သတ်မှတ်အရည်အချင်းပြည့်မှီသူများအား Finance Department တွင် Junior Accountant ရာထူးနှင့် Operation Department တွင် Operation Accountant ရာထူးတို့ဖြင့် ဆက်လက် အလုပ်လုပ်ကိုင်ရမည့် အခွင့်အရေးလည်း ရရှိမည်ဖြစ်ပါသည်။