Job Summary
ကုမ္ပဏီ၏ Quality Management System (QMS) များသည် သတ်မှတ်ထားသော ISO နှင့် နိုင်ငံတကာစံနှုန်းများ နှင့် ကိုက်ညီမှုရှိစေရန် စစ်ဆေးအကဲဖြတ်ပေးရမည့် ရာထူးဖြစ်ပါသည်။ လုပ်ငန်းစဉ်များအတွင်းရှိ အားနည်းချက်များ၊ Risk များနှင့် Compliance ပြဿနာများကို ဖော်ထုတ်ပြီး သင့်လျော်သော Corrective Action နှင့် Improvement များကို အကြံပြုဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထို့အပြင် QMS စနစ်များကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာစေရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် ရာထူးဖြစ်ပါသည်။
Key Responsibilities
• သတ်မှတ်ထားသော Audit Plan အတိုင်း ဌာနအသီးသီး၏ လုပ်ငန်းစဉ်များကို Internal Audit ပြုလုပ်ခြင်း
• Company Policy, Procedure နှင့် QMS Requirements များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း
• Audit Checklist နှင့် Audit Report များ ပြင်ဆင်ခြင်း
• Audit ပြုလုပ်ရာမှ တွေ့ရှိရသော မကိုက်ညီမှုများ (Non-Conformity) နှင့် လုပ်ငန်းတိုးတက်ကောင်းမွန်နိုင်မည့် အချက်များကို ဖော်ထုတ်ခြင်း
• Corrective Action / Preventive Action များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
• Audit Findings များအပေါ် သက်ဆိုင်ရာဌာနများ၏ ပြင်ဆင်ဆောင်ရွက်မှုများကို Follow-up ပြုလုပ်ခြင်း
• Audit နှင့်သက်ဆိုင်သော စာရွက်စာတမ်းများ၊ မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းခြင်း
• QMS စနစ် တိုးတက်ကောင်းမွန်ရေးနှင့် Continuous Improvement လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း
Job Requirements
• သက်ဆိုင်ရာ ဘွဲ့တစ်ခုခု ရရှိထားသူ
• QMS, Internal Audit, Quality Assurance သို့မဟုတ် သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ (2နှစ်-3နှစ်)အထက်ရှိသူ
• QMS နှင့် Internal Audit လုပ်ငန်းစဉ်များကို နားလည်သူ
• ISO 9001 နှင့် ပတ်သက်သော အသိပညာရှိသူ ဦးစားပေးမည်
• Analytical Thinking နှင့် Problem-Solving Skill ကောင်းမွန်သူ
• Communication နှင့် Documentation Skill ကောင်းမွန်သူ
• သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ
What We Can Offer
Benefits
- Competitive salary package based on experience
- Performance-based bonus and annual increment
Highlights
- Opportunity to work with internationally recognized standards (ISO systems)
- Supportive and collaborative working environment
- Transportation / travel allowance (if required for audit activities)
Career Opportunities
- Opportunity to lead cross-functional audit projects