Job Summary
ဟိုင်းဝေးယာဉ်မောင်းသည် Royal Express ၏ ရုံးခွဲများနှင့် နယ်မြို့ခွဲများအကြား ကုန်ပစ္စည်းများ၊ ပါဆယ်ထုပ်များနှင့် စာရွက်စာတမ်းများကို သတ်မှတ်ချိန်အတွင်း ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးရန် တာဝန်ရှိသည်။ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဥပဒေများ၊ လမ်းစည်းကမ်း၊ နယ်မြေဒေသဆိုင်ရာ စည်းကမ်းချက်များနှင့် ကုမ္ပဏီ၏ မူဝါဒများကို တိကျစွာလိုက်နာပြီး ခရီးဝေးလမ်းကြောင်းများကို ကျွမ်းကျင်စွာ မောင်းနှင်ရမည့် ရာထူးဖြစ်သည်။
Key Responsibilities
- ရန်ကုန်နှင့် နယ်စုံရုံးခွဲများအကြား ကုမ္ပဏီပိုင် ကုန်တင်ယာဉ်/မော်တော်ယာဉ်များကို အဝေးပြေးလမ်းမကြီးများပေါ်တွင် ဘေးကင်းစွာ မောင်းနှင်ရန်။
- အမြန်ချောပို့ပါဆယ်များကို သတ်မှတ်ထားသော ရုံးခွဲများသို့ အချိန်မီရောက်ရှိအောင် ပို့ဆောင်ရန်။
- GPS စနစ်၊ လမ်းကြောင်းပြမြေပုံများနှင့် ကုမ္ပဏီတွင်းသုံး Application များကို အသုံးပြု၍ လမ်းကြောင်းအခြေအနေများကို စောင့်ကြည့်ရန်နှင့် ကီလိုမီတာ (km) အကွာအဝေးများကို မှတ်တမ်းတင် အစီရင်ခံရန်။
- ခရီးစဉ်မထွက်ခွာမီနှင့် ခရီးစဉ်အပြီးတွင် မဖြစ်မနေ လုပ်ဆောင်ရမည့် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ (ဘရိတ်၊ တာယာ၊ စက်ဆီ/ချောဆီ၊ မီးသီးများနှင့် စက်သုံးဆီ) ကို သေချာစွာ စစ်ဆေးရန်။
- စက်ပိုင်းဆိုင်ရာချို့ယွင်းမှု၊ ပျက်စီးမှု သို့မဟုတ် လမ်းခရီးတွင် ဖြစ်ပွားနိုင်ခြေရှိသော အန္တရာယ်များကို ယာဉ်အုပ်စုကြီးကြပ်ရေးမှူးထံ ချက်ချင်းသတင်းပို့ရန်။
- မိမိတာဝန်ယူရသော ယာဉ်ကို သန့်ရှင်းသပ်ရပ်အောင် ထားရှိရန်နှင့် နားနေချိန်များတွင် စနစ်တကျ သော့ခတ်သိမ်းဆည်းရန်။
- အဝေးပြေးလမ်းမကြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ သတ်မှတ်အမြန်နှုန်းနှင့် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်။
- လမ်းခရီးတွင် ပိတ်ဆို့မှုရှိခြင်း၊ စစ်ဆေးရေးဂိတ်များတွင် ကြန့်ကြာခြင်း သို့မဟုတ် အရေးပေါ်အခြေအနေများ ကြုံတွေ့ရပါက ကုမ္ပဏီတွင်း ဆက်သွယ်ရေးနည်းလမ်းများ (ဥပမာ - Viber သို့မဟုတ် ဖုန်း) မှတစ်ဆင့် အချိန်နှင့်တပြေးညီ အကြောင်းကြားရန်။
Job Requirements
- ယာဉ်မောင်းလိုင်စင် (င) အနီ ရှိသူဖြစ်ရမည်။
- အဝေးပြေးလမ်းမကြီးများ (ဥပမာ - ရန်ကုန်-မန္တလေး အမြန်လမ်း) ပေါ်တွင် ကုန်တင်ယာဉ်ကြီးများ အနည်းဆုံး (၂) နှစ် နှင့်အထက် ကျွမ်းကျင်စွာ မောင်းနှင်ဖူးသည့် အတွေ့အကြုံရှိရမည်။
- စမတ်ဖုန်း အသုံးပြုနိုင်ရမည်ဖြစ်ပြီး GPS၊ Viber သို့မဟုတ် ကုမ္ပဏီသုံး Application အခြေခံများကို အသုံးပြုနိုင်ရမည်။
- ခရီးဝေးညမောင်းနှင်ခြင်းနှင့် ကုန်ပစ္စည်းအတင်အချလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် ကျန်းမာရေးကောင်းမွန်ပြီး ကြံ့ခိုင်သူဖြစ်ရမည်။
-
ရိုးသားဖြောင့်မတ်ပြီး၊ စည်းကမ်းရှိသူ၊ အလုပ်အပေါ် တာဝန်ယူမှုအပြည့်ရှိသူ ဖြစ်ရမည်။ အရေးပေါ်ယာဉ်ချို့ယွင်းမှုများ ကြုံတွေ့ရပါက တည်ငြိမ်စွာဖြင့် တာဝန်ယူဖြေရှင်းနိုင်စွမ်း ရှိရမည်။
What We Can Offer
Benefits
- အခြေခံလစာ + ခရီးစဉ်မောင်းကြေး
- လစဉ် ရှားပါးစရိတ်နှင့် ကုမ္ပဏီမှ ဆန်ရိက္ခာ ထောက်ပံ့ပေးခြင်း။
- Uniform စီစဉ်ပေးခြင်း