Driver-YGN

Yangon, Myanmar
Full-Time
10 open positions
Job Summary

ကျွန်တော်တို့ Royal Express Services Company ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုအဖြစ် လျင်မြန်စွာ တိုးတက်အောင်မြင်နေတဲ့ Company တစ်ခုဖြစ်ပါတယ်။

လုပ်ငန်းတိုးချဲ့ဖို့အတွက် စိတ်အားထက်သန်ပြီး အလုပ်ကို တာဝန်ယူစိတ်အပြည့်နှင့် လုပ်ကိုင်လိုတဲ့ အတွေ့အကြုံရှိ ယာဉ်မောင်းကောင်းများအား ဖိတ်ခေါ်နေပါတယ်။

ကုမ္ပဏီမှ ကောင်းမွန်စွာ ပြုပြင်ထိန်းသိမ်းလျက်ရှိသော Delivery Box Car များဖြင့် မောင်းနှင်ရမှာဖြစ်ပါတယ်။

Key Responsibilities

ကုမ္ပဏီမှ သတ်မှတ်ပေးထားသော နေရာများသို့ ပစ္စည်းများအား အချိန်မီ သွားရောက်ယူဆောင်ခြင်း၊ ပို့ဆောင်ခြင်း။

Google Maps နှင့် Route Planner များအသုံးပြု၍ အထိရောက်ဆုံးလမ်းကြောင်းကို ရွေးချယ်မောင်းနှင်ခြင်း။

ယာဉ်အား နေ့စဉ်စစ်ဆေးပြီး သန့်ရှင်းသပ်ရပ်စွာ ထားရှိခြင်း။

Customer များထံသို့ ပစ္စည်းများပေးပို့ရာတွင် ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြောဆိုခြင်း။

ပေးပို့မှုဆိုင်ရာ စာရွက်စာတမ်းများကို စနစ်တကျ ထိန်းသိမ်းကိုင်တွယ်ခြင်း။

မြောက်ဥက္ကလာ နေထိုင်သူများနှင့် နီးစပ်သူများသာ လျှောက်ထားနိုင်ပါသည်။

Job Requirements

ယာဉ်မောင်းလိုင်စင် (အညို) သို့မဟုတ် (အနက်) အနည်းဆုံးရှိရမည်။

ရန်ကုန်မြို့တွင်း ယာဉ်မောင်းအတွေ့အကြုံ အနည်းဆုံး (၁)နှစ်မှ (၂)နှစ်အထိ ရှိရမည်။ (Delivery အတွေ့အကြုံရှိသူကို ဦးစားပေးမည်)

ရန်ကုန်မြို့နယ်များနှင့် လမ်းကြောင်းများကို ကျွမ်းကျင်စွာ သိရှိနားလည်ရမည်။

Smart Phone နှင့် Application (Google Maps, Viber)များ ကောင်းမွန်စွာ အသုံးပြုနိုင်ရမည်။

ရိုးသားကြိုးစားပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

ကျန်းမာရေးကောင်းမွန်ပြီး ပစ္စည်းအတင်/ အချ အနည်းအငယ် ပြုလုပ်နိုင်ရမည်။

What We Can Offer

Benefits

ဆွဲဆောင်မှုရှိသော လစာ

လစဉ် ရှားပါးစရိတ် ထောက်ပံ့ပေးခြင်း။

လုပ်ရည်ကိုင်ရည်ပေါ်မူတည်ပြီး ခံစားခွင့်များ ပေးထားခြင်း။

အချိန်ပိုလုပ်ခ (OT) ခံစားခွင့် အပြည့်အဝ။

Uniform များထောက်ပံ့ပေးခြင်း။

Highlights

Career Opportunities