Job Summary
ရေသန့် စက်တွင် အသုံးပြုထားသော စက်ပစ္စည်းများနှင့် လျှပ်စစ် စနစ်များကို တပ်ဆင်ခြင်း၊ စနစ်တကျ အသုံးပြုခြင်း၊ အစဉ်တစိုက် စစ်ဆေး ပြုပြင်ထိန်းသိမ်းခြင်းများ ပြုလုပ်ပြီး စက်ရုံထုတ်လုပ်မှု လုံခြုံစိတ်ချ ရှိစေရန် တာဝန်ယူဆောင်ရွက်ရမည်။
Key Responsibilities
- ရေသန့်စက် အတွင်းရှိ စက်ပစ္စည်းများ (pump, motor, piping system, valves, filters စသည်) နှင့် လျှပ်စစ်စနစ်များ (control panel, wiring, sensors, generator စသည်) ကို အစဉ်တစိုက် စစ်ဆေး ပြုပြင်ထိန်းသိမ်းရန်
- ရေသန့်စက်တွင် ဖြစ်ပေါ်လာသည့် လျှပ်စစ်နှင့် စက်မှု ဆိုင်ရာ ချို့တဲ့မှုများကို အချိန်မီ ဖြေရှင်းရန်
- ရေသန့်စက်တွင် အသုံးပြုသော RO system, UV sterilizer, Ozone system, filling machine, compressor စသည့် စက်ပစ္စည်းများကို အဆင်ပြေစွာ လည်ပတ်နိုင်စေရန် စောင့်ကြည့် ထိန်းသိမ်းရန်
- စက်အသစ်များ တပ်ဆင်ခြင်းနှင့် စမ်းသပ် အလုပ်လုပ်ဆောင်ရာတွင် ပါဝင်ကူညီရန်
- ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းများ၊ အစီအစဉ်အလိုက် ပြုပြင်ခြင်းများ၊ အပိုပစ္စည်း သုံးစွဲမှုများကို မှန်ကန်စွာ မှတ်သားထားရန်
- လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများကို စံချိန်စံညွှန်းများအတိုင်း လိုက်နာဆောင်ရွက်ရန်
Job Requirements
- စက်ရုံထဲတွင် စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းမှု အတွေ့အကြုံ အနည်းဆုံး ၂ နှစ် ရှိသူဖြစ်ရမည်။ (ရေသန့်စက်၊ အစားအသောက် သို့မဟုတ် FMCG စက်ရုံ အတွေ့အကြုံရှိသူ ဦးစားပေး)
- အသင်းအဖွဲ့ဖြင့် ဆောင်ရွက်နိုင်သူဖြစ်ရမည်။
What We Can Offer
Benefits
- အခြေခံလစာ
- နေ့လည်စာစီစဉ်ပေးခြင်း
Highlights
- ပျော်ရွှင်ဖွယ်ကောင်းသော လုပ်ငန်းခွင်တွင်လုပ်ကိုင်ရခြင်း
Career Opportunities
- ရာထူးတိုး/လစာတိုး စီစဉ်ပေးခြင်း