Sorting Assistant - Part Time

Yangon, Myanmar
Full-Time
1 open position
Job Summary

သင်ရဲ့ အင်အားနဲ့ စွမ်းဆောင်ရည်ကို တန်ဖိုးထားတဲ့နေရာမှာ အလုပ်လုပ်ချင်ပါသလား? ကျွန်တော်တို့ရဲ Royal Express Services Company ကြီးနဲ့အတူ လက်တွဲဖို့ Sorting Assistant များ အမြန်အလိုရှိသည်။

သင်ဟာ တက်ကြွတယ်၊ အလုပ်မှာ အာရုံစူးစိုက်နိုင်တယ်၊ အဖွဲ့အစည်းနှင့်အတူ ပျော်ရွှင်စွာ အလုပ်လုပ်ကိုင်ချင်တယ်ဆိုရင် ဒီအခွင့်အရေးက သင့်အတွက်ပါပဲ။

Royal Express Services Company ကြီးသည် မြန်မာနိုင်ငံရဲ့ ထိပ်တန်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးသို့ ပါဆယ်များကို မြန်ဆန်တိကျစွာ ပို့ဆောင်ပေးလျက်ရှိပါတယ်။ လုပ်ငန်းတိုးချဲ့ရန်အတွက် ကျွန်ုပ်တို့ရဲ့ အဓိကသွေးကြောဖြစ်တဲ့ Sorting ဌာနကြီးမှာ နေ့စဉ်ဝင်ရောက်လာတဲ့ ပါဆယ်ထောင်ပေါင်းများစွာကို စနစ်တကျ ခွဲခြားစီစဉ်ပေးမယ့် Sorting Assistant ဝန်ထမ်းကောင်းများအား ဖိတ်ခေါ်လျက်ရှိပါတယ်။

Key Responsibilities

Warehouse သို့ ရောက်ရှိလာသော ပါဆယ်များကို လက်ခံစစ်ဆေးခြင်း။

ပါဆယ်များပေါ်ရှိ လိပ်စာနှင့် Code များအတိုင်း သက်ဆိုင်ရာ မြို့နယ်၊ လမ်းကြောင်းများသို့ မှန်ကန်စွာ ခွဲခြားခြင်း (Sorting)။

ခွဲခြားပြီးသော ပါဆယ်များကို သတ်မှတ်နေရာများတွင် စနစ်တကျ စီတန်းထားရှိခြင်း။

Scanner/ Mobile App များ အသုံးပြု၍ ပါဆယ်များကို Scan ဖတ်ပြီး Data မှတ်တမ်းတင်ခြင်း။

Warehouse အတွင်း သန့်ရှင်းသပ်ရပ်မှုနှင့် ဘေးကင်းလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း။

ခေါင်းဆောင်နှင့် အခြားလုပ်ဖော်ကိုင်ဖက်များနှင့် ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်ခြင်း။


Job Requirements

အသက် (၁၈)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

ပညာအရည်အချင်း အထက်တန်းဆင့်နှင့် အထက်။

ကျန်းမာရေးကောင်းမွန်ပြီး ကာယပိုင်းဆိုင်ရာ အလုပ်များကို လုပ်ကိုင်နိုင်သူ။

အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိပြီး ပြောဆိုဆက်ဆံရေး ပြေပြစ်သူ။

နေ့ဆိုင်း/ ညဆိုင်းဖြင့် အလုပ် လုပ်ကိုင်နိုင်သူ။

Smart Phone App များ ကောင်းမွန်စွာ အသုံးပြုနိုင်သူ။

အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည် (လုပ်ငန်းခွင် သင်တန်းပေးမည်)။

What We Can Offer

Benefits

ဆွဲဆောင်မှုရှိသော လစာ

လစဉ် ရှားပါးစရိတ်နှင့် ဆန်များ ထောက်ပံ့ပေးခြင်း။

လုပ်ရည်ကိုင်ရည်ပေါ်မူတည်ပြီး ခံစားခွင့်များ ပေးထားခြင်း။

နေ့လည်စာ စီစဉ်ပေးခြင်း။

အချိန်ပိုလုပ်ခ (OT) ခံစားခွင့် အပြည့်အဝ။

အလုပ်အတွက် လိုအပ်သော သင်တန်းများနှင့် Uniform များထောက်ပံ့ပေးခြင်း။

Highlights

Career Opportunities

လုပ်ငန်းကျွမ်းကျင်မှုနှင့် ကြိုးစားမှုအပေါ်မူတည်၍ ရာထူးတိုးအခွင့်အလမ်းများ။